Ubuntu မှာ android studio သုံးဖို့ install လုပ်တဲ့အခါ ပြဿနာနှစ်ခု ကြုံရဖူးပါတယ်။
တစ်ခုက Android SDK ပြဿနာဖြစ်ပြီး နောက်တစ်ခုက JDK ပါ
တစ်ခုက Android SDK ပြဿနာဖြစ်ပြီး နောက်တစ်ခုက JDK ပါ
Android SDK ပြဿနာက Android Studio install
လုပ်တဲ့အချိန်မှာ လိုတဲ့ sdk tools တွေဆွဲတဲ့ download speed က
အသကုန်နှေးတာပါ။ လိုင်းကောင်းနေချိန်မှာတောင် တော်တော်စိတ်ရှည်ရှည်ထားပြီး
စောင့်လိုက်ရပါတယ်။ ဒါကတော့ connection ကိစ္စလို့သဘောထားပြီး JDK အကြောင်းပဲ
ဆက်ပြောပါမယ်။
Android Studio install တဲ့အခါ အရင် java
သွင်းထားပါလျှက်နဲ့ java ပြဿနာကတက်လာတတ်ပါတယ်။ path
လွဲနေတာကြောင့်လိုထင်ပါတယ်။(သေချာတော့မသိပါ) အဲလိုဖြစ်လာရင် JDK ကို ပြန်
install လုပ်ပေးလိုက်တာ အရှင်းဆုံးပါပဲ။
ဒါကြောင့် ကျွန်တော်လုပ်ကြည့်ပြီး အဆင်ပြေခဲ့တဲ့နည်းလမ်းလေး ပြန်ပြောပါရစေ။
ဒါကြောင့် ကျွန်တော်လုပ်ကြည့်ပြီး အဆင်ပြေခဲ့တဲ့နည်းလမ်းလေး ပြန်ပြောပါရစေ။
http://www.oracle.com/technetwork/java/javase/downloads/jdk8-downloads-2133151.html
မှာ ကိုယ့်စက်နဲ့ အဆင်ပြေမယ့် latest version JDK ကို download ထားပါ။
ကျွန်တော့်စက်က 32bit ဖြစ်တဲ့အတွက် ကျွန်တော်ကတော့ jdk-8u40-linux-i586.tar.gz ကိုပဲ download လုပ်ပါတယ်။
Download လုပ်ပြီးရင် install ဖို့ Terminal ကိုဖွင့်ပါ။
ကျွန်တော် Download ထားတဲ့ file က /home/poweroff/Downloads/ ထဲမှာ tar.gz
fike အနေနဲ့ရှိနေတာပါ။ ဒါကို ကျွန်တော် extract (ဖြေ)ရပါမယ်။ Terminal မှာ
cd ~/Downloads/
tar zxf jdk-8u40-linux-i586.tar.gz
လို့ရိုက်ပြီး extract လိုက်ပါတယ်။
tar zxf jdk-8u40-linux-i586.tar.gz
လို့ရိုက်ပြီး extract လိုက်ပါတယ်။
extract ပြီး ရလာတဲ့ jdk1.8.0_40 ဆိုတဲ့ dir လေးကို opt ထဲကိုပို့ပါမယ်။
sudo mv jdk1.8.0_40/ /opt/
move ပြီးရင် install ဖို့ အဲဒီ dir ထဲကိုသွားပါမယ်။
cd /opt/jdk1.8.0_40
ပြီးရင် install လုပ်ပါမယ်။
sudo update-alternatives --install /usr/bin/java java /opt/jdk1.8.0_40/bin/java 1
sudo update-alternatives --install /usr/bin/javac javac /opt/jdk1.8.0_40/bin/javac 1
sudo update-alternatives --set java /opt/jdk1.8.0_40/bin/java
sudo update-alternatives --set javac /opt/jdk1.8.0_40/bin/javac
install & setting up လို့ပြီးပြီဆိုရင် Terminal မှာ
java -version လို့ရိုက်ပြီး စမ်းကြည့်ပါ။ Android Studio သွင်းဖို့ JDK
အဆင်ပြေသွားပါပြီ။

No comments:
Post a Comment