Wednesday, July 8, 2015

Free Domains for One Year

top-level domain တွေ free ရနိုင်မယ့်နေရာလေးတွေ လမ်းညွှန်ပေးမှာပါ။



sub-domain တွေ free ရနိုင်ပေမယ့်လည်း top-level domain တွေ free ပေးတယ်ဆိုတာ 2010 လောက်အထိ လုံးဝကို မရှိခဲ့ပါဘူး။ co.cc cu.cc net.mn it.mn com.nu asia.gp စသဖြင့် subdomain တွေသာ free ရနိုင်ခဲ့ပါတယ်။ အချို့ sub-domain တွေက အချိန်အကန့်အသတ်နဲ့သာ free ပေးကြပြီး အချို့ forever free ဆိုတဲ့ sub-domain တွေမှာကျတော့ ကြော်ငြာတွေ ထည့်ကြပါတယ်။ com.nu တို့ asia.gp တို့ဆို သူတို့ဆီကလာတဲ့ကြော်ငြာကို .htaccess ကနေ ကြံဖန်ပြီး ပျောက်အောင်လုပ်လို့ရပါတယ် ဒါပေမယ့် အဲလိုလုပ်ပြီး တစ်လနှစ်လလောက်နေ ကိုယ့် account လည်း ဘန်းခံရတာပါပဲ။ net.mn တို့ it.ms edu.tc တို့လို interdot ကပေးတဲ့ subdomain တွေကျတော့လည်း အတော်ချူချာတာပါ တော်ကြာ server down နေရပြန်တာနဲ့ တော်ကြာ ဘာဖြစ်ပြန်ညာဖြစ်ပြန်နဲ့ လေးကလည်း လေးတော့ အဆင်မပြေပါဘူး။
အဆင်ပြေတာလေးတစ်ခုက hosting တစ်ခုခုမှာ host ပြီး သုံးရင် ကြော်ငြာမပါပါဘူး။
sub-domain တွေ host တာကို လက်ခံတဲ့ free hosting ကလည်း ခပ်ရှားရှားပဲကိုး။
ရှားရှားပါးပါး sub-domain host တာကို လက်ခံပေးတဲ့ hosting မျိုးမှာ ရှာ host ပြန်ရင်လည်း name server တွေ ip address တွေ သေချာ record မလုပ်ပြန်လို့စိတ်ညစ်ရပါသေးတယ်။
(၀ယ်မသုံးနိုင်တဲ့ဘ၀တွေကတော့ ဒီလိုပါပဲ။)
အဲဒီ interdot က ပေးတဲ့ sub-domain တွေကို ခုချိန်ထိ သုံးလို့ကောင်းနေတာလေး တစ်ခုတော့ ရှိပါတယ်။ blogspot နဲ့ တွဲသုံးပါ။ www.yourname.blogspot.com ဆိုတာထက်စာရင်
www.yourname.it.mn ဆို မှတ်ရသားရပိုလွယ်တာပေါ့။ အဆင်ပြေပြေသုံးနိုင်ဖို့ကတော့ redirect လုပ်သုံးပါ။ DNS manage လုပ်ဖို့ကတော့ အခက်ခဲရှိနိုင်လို့ ကျွန်တော်သေချာပြန်စမ်းသပ်ပြီးမှ တင်ပေးပါဦးမယ်။ လေကြောလည်း တော်တော်ရှည်သွားပြီဖြစ်တဲ့အတွက် one year free top-level domain လေးတွေအကြောင်းပဲ ပြောတော့မယ်။

.tk 
www.yourname.tk ပေါ့
၂၀၁၁ လောက်တည်းက ခုချိန်ထိ တစ်နှစ်အခမဲ့ရနိုင်နေသေးတဲ့ domain လေးပါ။
တစ်နှစ်ပြည့်သွားရင်တော့ သတ်မှတ်ထားတဲ့နှုန်းထားအတိုင်း အခကြေငွေးနဲ့ အသုံးပြုရမှာပါ။
ပိုက်ဆံပေးသုံးရတဲ့ domain တွေလိုပါပဲ ကြော်ငြာလည်း မပါပါဘူး။
 http://www.dot.tk/en/index.html?lang=en မှာ register လုပ်ပြီး သုံးနိုင်ပါတယ်။

ခုနောက်ပိုင်း .tk ကို support ပေးခဲ့တဲ့ freenom ကပဲ .tk .ml .ga .cf .gq နဲ့ domain name တွေကို တစ်နှစ် အခမဲ့ ပေးနေပါပြီ။ .tk အပ်အ၀င် အခြား ၄ မျိုးကို freenom.com မှာ register လုပ်ပြီး အသုံးပြုနိုင်ပါတယ်။ freenom အကောင့်တစ်ခု လုပ်ထားယုံနဲ့ domain name ၁၀ ခု တစ်နှစ်တာ အခမဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ၀ယ်မသုံးနိုင်ခင်မှာတော့ ခုလို တစ်နှစ်စာ free လေးကလည်း သုံးပျော်ပါသေးတယ် :D


No comments:

Post a Comment

 
User F13 © Powered By | MM-AnonGA