Thursday, July 9, 2015

Linux on Android








Complate Linux Installer
Device ရွေးပါတယ် requirement များတော့ android device တိုင်းနဲ့ အဆင်မပြေပါဘူး။ အဆင်ပြေတဲ့ device တွေမှကျတော့ တော်တော်သုံးလို့ကောင်းပါတယ်။ သုံးမယ့် Android device မှာ root access ရှိဖို့နဲ့ busybox install လုပ်ထားဖို့ လိုပါတယ်

Linux Deploy
Linux Deploy လည်း complete linux installer လိုပါပဲ
complete linux installer လောက် requirement တွေ မလိုအပ်လို့ လူသုံးများပါတယ်။ ဒါပေမယ့် သူလည်း သုံးမယ်ဆို download ဆွဲရမှာက အနည်းဆုံး 600 MB ရှိတော့ connection ပြသနာကြောင့်အခက်အခဲ တွေ့နိုင်ပါတယ် (ကျွန်တော်တော့အဆင်မပြေပါ) Linux Deploy လည်း root access ရှိဖို့လိုပါတယ်

Debian Installer
Debian installer ကတော့ root access ရှိစရာမလိုပါဘူး connection ကောင်းရင် စမ်းကြည့်သင့်ပါတယ် download ဆွဲရမှာကတော့ အနည်းဆုံး 900 MB လောက် ရှိပါတယ် ကျွန်တော်လည်း အားတဲ့တစ်နေ့တော့ လိုင်းကောင်းတဲ့ နေရာတစ်နေရှာပြီး powerbank တစ်လုံးနဲ့ စိမ်ပြေနပြေထိုင်ဆွဲဖို့ အစီစဉ်ရှိပါတယ်။ requirement လည်း သိပ်မရှိပါဘူး

Complete Linux Installer, Linux Deploy, Debian Installer... တို့လို flash card (internal/external storage) ပေါ်မှာ linux image တစ်ခု create ပြီး vnc viwer တစ်ခုခုနဲ့ တွဲသုံးတဲ့ရတဲ့ app မျိုးတွေ ရှိပါသေးတယ် သေသေချာချာလေ့လာကြည့်ပြီးမှ အသေးစိတ် ပြန်ရေးပေးပါဦးမယ်။

နောက်ထပ် android မှာ linux os ကို သုံးနိုင်ဖို့ နည်းလမ်းတစ်ခု ရှိပါသေးတယ်။
အဲဒါက ROM အနေနဲ့တင်တာပါ။ Ubuntu Touch တစ်ခုပဲ official အနေနဲ့ ရပါသေးတယ်။ device အမျိုးအစားရွေးတဲ့အတွက် ကျွန်တော် မစမ်းကြည့်နိုင်သေးပါဘူး။

အလွယ်ကူဆုံးနဲ့ ကျွန်တော်တို့ connection မှာ အဆင်ပြေမယ့် နည်းလမ်းတစ်ခုရှိပါတယ်။ android မှာ iso image ကို သုံးလို့ရနိုင်တဲ့ vm လို app တစ်ခုပါ။ LIMBO က android device တွေ အားလုံးနဲ့လည်း အဆင်ပြေနိုင်သလို သူ support လုပ်တဲ့ linux OS တွေကလည်း light weight OS တွေ ဖြစ်လို့ 20 MB လောက် download ဆွဲရုံနဲ့ android မှာ linux သုံးလို့ ရနိုင်ပါတယ်။ ဒါပေမယ့် GUI တော့ အဆင်မပြေပါဘူး။

Linux command တွေ လေ့လာချင်ပြီး pc မရှိသေးသူတွေအတွက်တော့ အသုံးဝင်ပါလိမ့်မယ်။ Limbo apk ကို playstore မှာ ရယူနိုင်ပြီး limbo မှာ ပေါ့ပေါ့ပါးပါးအသုံးပြုနိုင်မယ့် Trinux (Linux Security Toolkit) ISO image လေးကို https://f-droid.org/forums/topic/limbo-android-qemu/ မှာ ရယူနိုင်ပါတယ်။ Usage က လွယ်လွန်းတဲ့အတွက် မေးချင်တဲ့နေရာမှာ မေးပြီး ကလိကြပါတော့။ LIMBO မှာ TUBUNTU အသုံးပြုပုံလေးကို ကျွန်တော် တစ်နေရာရာမှာ အသေးစိတ် ပြောဖြစ်လိမ့်မယ်ထင်ပါတယ်

No comments:

Post a Comment

 
User F13 © Powered By | MM-AnonGA