ကျွန်တော်တို့ web ကို စတင်လေ့လာတဲ့သူတွေ အနေနဲ့ ကိုယ့် site ကို publish ဖို့ Domain, Hosting ၀ယ်ဖို့ ငွေကြေးအရ ဈေးကြီးလွန်းနေပါသေးတယ်။
experience ရယုံအတွက်နဲ့ဆိုရင်တော့ free တွေ ရှာသုံးလို့လည်း ရနေတာပါပဲ။
ဒါပေမယ့် free တိုင်းစိတ်မချရပါဘူး။ ဘာမှ အာမခံချက်မရှိတဲ့အတွက် စမ်းသပ်ဖို့သက်သက်သာ သုံးသင့်ပါတယ်။
blogging အတွက်ပဲ ဆိုရင်တော့ blogspot.com တို့ wordpress.com တို့လို စိတ်ချရတဲ့ platform မျိုးကိုသာ ရွေးချယ်တာအကောင်းဆုံးပါ။
တခြား CMS တွေ သုံးချင်တယ် ကိုယ်တိုင် ရေးထားတဲ့ code တွေ စမ်းသပ်ချင်တယ်ဆိုရင်တော့ free hosting တွေ ရှာသုံးတဲ့အခါ အလွယ်တကူရှာနိုင်ဖို့ website တွေ စုစည်းပေးလိုက်ပါတယ်။
www.free-webhosts.com
Free ရနိုင်တဲ့ webhosting site တွေကို စုစည်းဖေါ်ပြပေးထားတဲ့ website တစ်ခုပဲ ဖြစ်ပါတယ်။
Hosting site တွေရဲ့ သိလိုတဲ့အချက်အလက်တွေကိုလည်း မှာ ကြည့်လို့ရပါတယ်။
google မှာ free web hosting no ads ဆိုတာမျိုး ရိုက်ရှာနေတာထက်တော့ အဆင်ပြေပါတယ်။
www.getfreedomain.name
Free ရနိုင်တဲ့ domain/sudomain name တွေ ရဲ့ update list ကို ကြည့်ရှုနိင်ပြီး သုံးဖူးသူတွေရဲ့ မှတ်ချက်တွေကိုပါ ကြည့်ရှုနိုင်တဲ့အတွက် ရွေးချယ်ရ ပိုအဆင်ပြေစေပါတယ်။
free ရနိုင်သမျှတွေကို စုံစုံလင်လင်စုစည်းပေးထားတဲ့အတွက်လည်း တစ်နေရာတည်းမှာတင် စိတ်ကြိုက်ရွေးချယ်လို့ ရနိုင်ပါတယ်။
ကျွန်တော်ဆို 2011 လောက်တည်းက အဲဒီ site ကို အမြဲဝင်ကြည့်လေ့ရှိပါတယ်။
ဘာတွ free ရလဲ ဘယ်ကရတာလဲ site address လေး ပြောပြပါ လို့ fb မှာ လာလာမေးတတ်ကြတဲ့ မိတ်ဆွေတွေအတွက် ရေးလိုက်တာပါ။ အဆင်ပြေကြပါစေ။ မပြေတတာများရှိရင်လည်း တတ်နိုင်သလောက်တော့ကူညီပေးပါမယ်။

No comments:
Post a Comment